Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, April 29, 2012

၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရှမ်းပြည်တောင်ပိုင်း ငြိမ်းချမ်းရေး ခရီး စတင်


ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဦးတည်လှုပ်ရှားမှုအဖြစ် ၈၈ မျိုး ဆက် ကျောင်း သားခေါင်းဆောင်တွေဟာ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ် စတင်ဖို့ ဒီကနေ့ မနက်ပိုင်းမှာ မန္တလေးမြို့ ကို ရောက်ရှိလာပါတယ်။

ခရီးစဉ်အတွင်း တိုင်းရင်းသား လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ရှိပြီး ဒေသခံပြည် သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုလေ့လာမှာဖြစ်တယ်လို့ ခရီးစဉ် မှာ အတူလိုက်ပါသွားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက အာအက်ဖ်အေကိုပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်ဟာ ရက်သီတင်းပတ် တပတ်လောက် ကြာမြင့်မှာဖြစ်ပြီး တောင်ကြီး၊ အောင်ပန်း၊ ပင်းတယ၊ ရပ်စောက်၊ ဟိုပုန်းမြို့တွေကို သွားရောက်မယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ အားကောင်းလာစေဖို့အတွက် လှုပ်ရှားနေသူတွေကို အထောက်အကူပြု သင်တန်းတွေ တက်နိုင်အောင် ကူညီစီစဉ်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။
19 hours ago