V ဘာမှစဉ်းစားလို့မရတော့ဘူး
နေကြာစေ့တစေ့လို သူ့အခွံနဲ့ သူလှောင်ပိတ်
စိတ်က ကြိုးမရှိတဲ့တန်းပေါ် လမ်းလျှောက်ချင်နေသေး
V ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ
ခင်ဗျား မင်း ဖြစ်ဖူးသလား
ကျန်စစ်သားလို အိပ်မက်မက်ပြီး
အနော်ရထာလို လှံနဲ့ပစ်ပလိုက်ချင်တယ်
မဏိစန္ဒာရဲ့ ရင်ထဲမှာက ချောင်းလိုလို မြစ်လိုလို...
V အဲ့ဒီ တစ်ခုသော ကမ်းစပ်ကို ရောက်လာသည်တွင်..
V ဘီယာသောက်မယ် တချပ်မှောက်ကစားမယ်
လေညှင်းခံမယ် ဂစ်တာတီးမယ်
အကြင်သူမပါသော ရောကောသောကော အထင်ကရ ပုဂ္ဂိုလ် ၁၀၀ ထဲမှာ
ကျွှန်ုပ်တို့ကိုယ်ကျွှန်ုပ်တို့ ပြန်ထည့် ပြန်နှုတ် ပြန်သွန်
လေလေး တချွန်ချွန်နဲ့ ဖီလော်ဆော်ဖီတွေက သွေးသွန်နေပြီ
V ဘာမှမရှိရင် ဘာမှ မဖြစ်ဘူး၊ ဘာမှမဖြစ်ရင် ဘာမှမရှိဘူး
ရှိခြင်း ဖြစ်ခြင်း သီဝရီ ကိုတွဲဆက်
တုတ်တပြက် ဓါးတပြက်နဲ့
V အရူးကွက်နင်းနေတာ
လသာတုန်းဗိုင်းငင် မီးလာတုန်းရေတင်
အံမ၀င်ခွင်မကျလို့ကတော့ ရှင်.ကျမကိုယူရမယ်
အကာအကွယ်မဲ့ ဆက်ဆံခံရခြင်းများ
V တသက်မှာ တခါဘဲမှားခဲ့တယ် ကျမသမီးလေးက
(လှည်းသား ငါးရာနဲ့...)
V လေဒီဂါဂါရေ
ကျွန်တော်က အရုပ်ဆိုးတယ် ကျွန်တော့ကိုချစ်ပါ
ကျွန်တော့် ရောဂါတွေကိုလည်း ယူပါ
ကျွန်တော့် အမေ ရောဂါတွေကိုလည်း ဈေးဖြတ်ပေးပါ..
V မနက်ဖန်ဟာ ဒီကနေ့လို မိမွေးတိုင်းဖမွေးတိုင်းတော့ ဖြစ်လာမှာမဟုတ်
V လူကိုကြေးသွန်းသလို သွန်း၍ ထုဆစ်- ခေတ်ကလေ
night club အသစ်ဖွင့်ရင် တက်ချင်တယ်
အဲ့ဒါ ကျနော် ကျမတို့ရဲ့ အရူးသွပ်ဆုံး အာသီသ
V မီးရောင်အောက်ကိုဝင်ရင်
လူပြက်တွေနဲ့ မပျော်ဘူးမောင်ရေ..
V တလှေတည်းစီးခဲ့ပေမဲ့ တခရီးတည်းမဖြစ်ခဲ့တော့လည်း
V ထိနေတာက သူ့အသားနဲ့
သတိရနေတာက ရှင့်ကို..
V ဘာမှမစဉ်းစားမိတော့ဘူး
နိယာမ တရားနဲ့ third person ဖြစ်လာရတဲ့ဘ၀ကို
နေကြာစေ့တစေ့လို သွားနဲ့ နာနာလေးဖိကိုက်ပစ်လိုက်တယ်
V စိတ်က ........
V ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ..
ရှင်ကော ကျွန်မလို မင်း ဖြစ်ခဲ့ဘူးသလားဟင်!........ ။ ........................။
လူလူလက်ျာ
1.7.2011
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့  ကိုအောင်သူ ( မော်ဒန်ကဗျာ ဆရာ အမည် "လူလူလတ်ရာရာ" ) ရဲ့ ကဗျာ ဖြစ်ပါတယ်။